ထိုင်းမှာ စီမံချက် ချမှတ်ပြီး အထောက်ထားမဲ့နေထိုင်သူတွေကို ဖမ်းဆီးရာ မြန်မာ ၁၂၈၉ ဦး ဖမ်းဆီးခံရ

မောင်ဘုန်း
အောက်တိုဘာ ၂၁၊ Migrant Time
ထိုင်းနိုင်ငံတဝှမ်းကို ရက်ပေါင်း ၁၂၀ စီမံချက် ချမှတ်ပြီး အထောက်ထားမဲ့ နေထိုင်သူတွေကို ဖမ်းဆီးရာ မြန်မာ ၁၂၈၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နေ သိရပါတယ်။
စီမံချက်ကို ၂၀၂၄ ၊ ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
နိုင်ငံတဝှမ်း စစ်ဆေးမှုတွေပြုလုပ်တဲ့ အထဲက မြန်မာ ၂၀၉၄၃၅ ဦးကို စစ်ဆေးခဲ့ရာမှာ ၁၂၈၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ကမ္ဘောဒီးယား ၄၂၇၆၆ ဦးကို စစ်ဆေးခဲ့ရာမှာ ၂၈၁ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ၀န်ကြီးဌာနက ပြောပါတယ်။
လာအို ၁၆၄၈၁ ဦးကို စစ်ဆေးရာမှာတော့ ၃၁၅ ဦး၊ ဗီယက်နမ် ၁၈၁ ဦးကို စစ်ဆေးရာမှာ ၄၁ ဦး နဲ့ အခြား ၈၉၀၇ ဦးကို စစ်ဆေးရာမှာ ၁၃၇ ဦးတို့ကလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ဉပ‌ဒေထဲမှာ အထောက်အထားမဲ့ နေထိုင်ခြင်း၊ Work Permit မရှိပဲ အလုပ်လုပ်ကိုင်ခြင်း၊ ထိုင်းလူမျိုးတွေသာ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေလုပ်ကိုင်ရင် ဒဏ်ငွေ ဘတ် ၅ ထောင်နဲ့ ၅ သောင်း အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ဒါအပြင် နေရပ်ပြန်ပို့ခံရပြီး ပြည်ဝင်ခွင့် နှစ်နှစ် ပိတ်ပင်ခံရမှာလဲ ဖြစ်တယ်လို့ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *