နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင်စာသင်ကြားမှုနဲ့ မြန်မာရွှေ့ပြောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၆ ရက်၊ မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွှန်ဖော်ခရိုင်က အုန်းခြံတစ်ခုမှာ ရွှေ့ပြောင်းကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အုန်းခြံအတွင်းက စာသင်ကျောင်းမှာ သူဟာ
ကျောင်းသား၊ ကျောင်းသူ ၅၀ဦးခန့်ကို ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။
” ကျောင်းသားတစ်ဦးကို ကျောင်း လစဥ်ကြေးအနေနဲ့ တစ်လ ဘတ် ၅၀၀ကနေ ၇၀၀ အထိ ကောက်ခံပြီး ကျောင်းဖွင့်ထားတာ ၁ နှစ်နဲ့ ၈ လ နီးပါး ရှိပြီ “ လို့ မတင်ဌေးဆိုသူ အမျိုးသမီးတစ်ဦးက Khaosod သတင်းဌာနကို ပြောကြားထားပါတယ်။
ဖမ်းဆီးခံရတဲ့ ဆရာမဟာ အသက် ၃၇ နှစ် အရွယ် ရှိပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဘက်ကနေ ထိုင်းနိုင်ငံကို ရောက်ရှိလာသူ ဖြစ်ပါတယ်။
ကိုးကား၊ ဓာတ်ပုံ – Khaosod

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်