မဲဆောက်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၁၅ ၊ Migrant Times
ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် စာရွက်စာတမ်း အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦး ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ ည ၇နာရီခွဲခန့်တွင် မယ်ပမြို့နယ် ၊အမှတ် ၆ ရပ်ကွက်၊ ဘန့်ဟိုင်ဖွန်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးစစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးစဉ်အတွင်း မဲဆောက် ၊တာ့ဆိုင်းလွတ်မြို့နယ်၊ အမှတ် ၄ ရွာတွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်နေထိုင်သူနှင့် အသက် ၁၈ နှစ်မျှ ၃ဝ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ၃ ဦးအားတွေ့ရှိခဲ့ပြီး
ထိုသူများအနက် မြန်မာနိုင်ငံသား ၃ ဦးအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပြီး နေထိုင်ခြင်း ဖြင့် စွဲချက်တင်ထားကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနထုတ်ပြန်ချက်အရ ဇူလိူင်လ ၁၃ ရက်နေ့တွင် ဘန့်ဟိုင်ဖွန်စစ်ဆေးရေးဂိတ်၌ပင် သက်တမ်းကျော်လွန်နေနိုင်သည့် မြန်မာနိုင်ငံသား ၁ ဦးနှင့် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၁ ဦး စုစုပေါင်း ၂ ဦးအားဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းကလည်း အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဖမ်းဆီးခဲ့ကြောင်း အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့မှ သိရသည်။
Migrant Times ၏စာရင်းပြုစုချက်အရ ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Tak Immigration