ဖူးခက်မြို့အဝင်တွင် ကားသုံးစီးဆင့်တိုက်

(Photo News)
စက်တင်ဘာ ၁ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့အဝင်တွင် ယနေ့ နေ့လယ်ပိုင်း၌ ကားသုံးစီးဆင့်တိုက်ခဲ့ကြောင်း Phuket Time သတင်းကဖော်ပြသည်။
ဖူးခက်မြို့အဝင်ရှိ Big C ၊ Rajabhat University ရှေ့လမ်းမကြီးတွင် အရှိန်လွန်ကာ ကားသုံးစီးတိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ကားတစ်စီးသည် အရှိန်လွန်ခြင်းကြောင့် လမ်းလယ်ကျွန်းကို ဖြတ်ကျော်ပြီး တစ်ဖက်လမ်းကြောပေါ်သို့ ရောက်ရှိကာ ကားသုံးစီး တစ်ပြိုင်တည်း ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသတင်းတွင်ဖော်ပြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယနေ့နံနက်ပိုင်း၌ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖန်ငခရိုင်၊ တကွာပါ့မြို့နယ် လမ်းအချို့ရေလွှမ်းမိုးနေကြောင်း ဒေသခံများမှသိရသည်။
ဓာတ်ပုံ – Phuket Time
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes