ထိုင်းတောင်ပိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသည့် မြန်မာ ၅ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂ ၊ Migrant Times ။

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်၊ ကော့ဖန်ငန်ကျွန်း တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သည့် မြန်မာနိုင်ငံသား ၅ ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းက ဖော်ပြသည်။

ဖမ်းဆီးခံရသည့် မြန်မာ ၅ ဦး အနက် လင်မယားနှစ်ဦးထံတွင် စိတ်ကြွဆေးပြား အများအပြားနှင့် လက်လုပ် ပစ္စတိုတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ခရီးသွားရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ မြန်မာလင်မယားသည် မစ္စတာဘောင် (Mr.Baw)ဆိုသူ ထံမှ ဘတ် ၅ဝဝဝ ဖြင့် ယာဘာဆေးပြား ၂ဝဝ ပြား ဝယ်ယူခဲ့ကြောင်း ၊ ဆေးပြားရောင်းချရာတွင် ခြိမ်းခြောက်ရန်အတွက် လက်လုပ် သေနတ်ကို အသုံးပြုခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာ ၅ ဦးအား သေနတ်အတုနှင့် မူးယစ်ဆေးဝါး တရားမဝင် လက်ဝယ်ထားရှိမှု၊ရောင်း၀ယ်သုံးစွဲမှုများဖြင့် အရေးယူရန် ကော့ဖန်ငန် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – mgr

#Migranttime

#ထိုင်း

#မြန်မာ

#KohPhangan

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts