ကန်ချနပူရီတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၄၃ ဦး ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၃ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ကန်ချနပူရီခရိုင်၊ ဖရန်ဖေးလ်မြို့နယ်၊ ဘန်ယန်ခေါင်းရွာအနီးတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၄၃ ဦးအား စက်တင်ဘာလ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တောင်ဝင်ထိုင်းစစ်တပ်က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့ ည ၈ နာရီတွင် စူရာသီ တပ်ဖွဲ့သည် ကင်းလှည့်နေစဉ် အတွင်း ဘန်ယန်ခေါင်းရွာရှိ အမှိုက်ပုံဘေး လမ်းဘေးတွင် ရပ်ထားသော ကားအတွင်း မြန်မာနိုင်ငံသား ၄၃ ဦး (အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၀ ဦး) ပြည့်ကျပ်စွာရှိနေသည်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးသည် သက်သေခံစာရွက်စာတမ်းများ မရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းမှ လာကြသူများဖြစ်ပြီး ဆန်ခလာဘူရီကို နယ်စပ်လမ်းကြောင်းမှ တရားမဝင် ဝင်ရောက်လာကြကြောင်း သိရသည်။

၎င်းတို့အားလုံးသည် ဆမွတ်ဆာခွန်၊ ချွန်ဘူရီနှင့် ဘန်ကောက်မြို့များတွင် အလုပ်လုပ်ကိုင်ရန်လာရောက်ကြသူများဖြစ်ပြီး အလုပ်ရရှိပါက ပွဲစားအား တစ်ဦးလျှင် ဘတ် ၁၄,၀၀၀ မှ ၂၀,၀၀၀ ပေးရန် သဘောတူထားခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

မြန်မာအလုပ်သမား ၄၃ ဦး အား ဥပဒေအရ အရေးယူရန် ဆန်ခလာဘူရီရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဆက်စပ်သူများကို စုံစမ်း ဖမ်းဆီးသွားမည်ဖြစ်ကြောင်း တောင်ဝင်ထိုင်းစစ်တပ်က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၆:၃၀ နာရီခန့်ကလည်း ကန်ချနာဘူရီခရိုင်၊ ထောင်းဖာဖုမ်မြို့နယ်၊ ထာခနွန်းရပ်ကွက်အနီးတွင် တရားမ၀င် ၀င်ရောက်သည့် မြန်မာနိုင်ငံသား ၃၉ ဦးအားနယ်ခြား စောင့်တပ်ဖွဲ့ကဖမ်းဆီးခဲ့ ကြောင်းထိုင်းသတင်းကဖော်ပြသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမ၀င်၀င် ရောက်သည့် မြန်မာနိုင်ငံသား ၉၀၀ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

#Migranttime

#ထိုင်း

#မြန်မာ

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts