September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာအလုပ်သမား ၆ဝဝ ဦး လုပ်အားခမရ

စက်တင်ဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ မြို့နယ်အသီးသီးတွင်ရှိသည့် ခေဒီ အမည်ရှိ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၆ဝဝ ဦးသည် လုပ်အားခ ၄ လစာ မရရှိသည့်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။

မြန်မာအလုပ်သမားများသည် ဇွန်လမှ စပြီး လစာ မရရှိခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လုပ်အားခ ရက်မမှန်တာ မနေ့ကတော့ လုပ်အားခ ၅၀ ရာခိုင်နှုန်း ကိုတစ်ဖြတ်ရှင်းပေးခဲ့ပြီ။ ပြီးရင် ၉ လပိုင်း ၂၆ ရက်နေ့ လုပ်သမားတွေကို လုပ်အားခ တစ်ဖြတ်ရှင်းပေးမယ် ။ ၁၀ လပိုင်း ၁၀ ရက်နေ့ ကိုတစ်ဖြတ်ရှင်ပေးမယ်၊ သုံးဖြတ်ရှင်းမယ်ဆိုပြီး ကုမ္ပဏီဘက်က‌ပြောထားတယ်” ဟုWAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကို‌ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အလုပ်သမားများနှင့်အတူ ဆောက်လုပ်ရေးကုမ္ပဏီထံတွင် သွားရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့၊ စူကိုဝစ်ဆွယ် (၁)ရှိ ဆောက်လုပ်ရေးဆိုက်တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား (၄၃)ဦးသည်လည်း လစာမရရှိသည့်အတွက် စက်တင်ဘာလ ၁၂ ရက်နေ့၌ မြို့နယ်စဝါဒီကန်ရုံးတွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း WAG အဖွဲ့မှထုတ်ပြန်သည်။

ဓာတ်ပုံ – စက်တင်ဘာလ ၁၆ ရက်နေ့တွင်တွေ့ရသည့် မြန်မာအလုပ်သမားများ။

#Migranttime

#ထိုင်း

#မြန်မာ

#ဘန်ကောက်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes