September 30, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

မြန်မာ ပတ်ပို့စ်ကိုင်ဆောင်သူတွေကို မလေးရှားက ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်ပေး

The China tourist arrived at KLIA
စက်တင်ဘာ ၂၆ ၊ Migrant Times ။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ပေးသွားမယ်လို့ ရန်ကုန်မှာရှိတဲ့ မလေးရှားသံရုံးက မနေ့ကထုတ်ပြန်ပါတယ်။
ကာလတို လူမှုရေး လည်ပတ်တာအတွက် ဗီဇာ ကင်းလွတ်ခွင့်ပေးတာလို့လည်းဖော်ပြထားပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံအတွင်းဝင်ရောက်ခွင့်ဟာ သတ်မှတ်ထားတဲ့ အဝင်အထွက်ဂိတ်တွေက လူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ထုတ်ပြန်ထားပါတယ်။
မလေးရှားကို ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်နဲ့သွားရောက်မယ့် မြန်မာတွေအနေနဲ့ အပြန်လေယာဉ်လက်မှတ်၊ မလေးရှားမှာတည်းခိုရမယ့်ဟိုတယ် ၊ Show Money စတဲ့လိုအပ်တာတွေ ပြသဖို့ပြင်ဆင်သွားသင့်တယ်လို့ ခရီးသွားလုပ်ငန်း အကျိုးဆောင်တစ်ဦးကလူမူကွန်ရက်ကနေပြောပါတယ်။
၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်နဲ့သွားရောက်သူတွေအနေနဲ့ လေဆိပ်ကနေ ပြန်လွတ်ခံရနိုင်တာကိုလည်း သိထားရမယ်လို့ လူမူကွန်ရက်သုံးသူတွေကလည်း သတိပေးကြပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ မလေးရှားမှာ တရားမဝင်နေထိုင်သူတွေကို နိမ်နင်းရေးစီမံချက် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံသား ရာချီထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မလေးရှားလေဆိပ်တစ်ခု။