October 6, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မြန်မာအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉ ထောင်ကျော်ကို ထိန်းသိမ်းခဲ့ဟုဆို

အောက်တိုဘာ ၁ ၊ Migrant Times ။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉,ဝဝဝ ကျော်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၄၃၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းအနက် ၉၃၂၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နယ်ဒဏ်ပေးကာ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၁၂ ဦးကိုလည်း လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ မြဝတီမြို-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများသို တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် နီပေါနိုင်ငံသား ၇ ဦး၊ တောင်အာရိကနိုင်ငံသား ၄ ဦး၊ တရုတ်နိုင်ငံသား ၂ ဦး၊ သီရိလင်္ကာနိုင်ငံသား ၂ ဦး၊ ကင်မရွန်းနိုင်ငံသား ၂ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၂ ဦး၊ ဇင်ဘာဘွေနိုင်ငံသား ၂ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား(၁၈)ဦးကို ယမန်နေ့ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်းဖော်ပြသည်။
၎င်း ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းရန် ဆောင်ရွက်နေသည်ဟုလည်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ(Online Scam Center)နှင့် ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးနေကြောင်းလည်း စစ်ကောင်စီကဆိုသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားအချို့။