October 6, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ချင်းမိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ၂ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ခွင့်ပြုချက်မရှိပဲ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား (၂) ဦးဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာန မှထုတ်ပြန်သည်။
တိုင်ကြားချက်အရ ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် ချင်းမိုင်မြို့ ဟိုင်ယာရပ်ကွက် ဆိုင်တစ်ခုကို သွားရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦးအား “ခွင့်မပြုထားသည့် အခြားအလုပ် လုပ်ကိုင်နေခြင်း၊အလုပ်ရှင် အသစ်ပြောင်း အကြောင်းကြားရန် ပျက်ကွက်ခြင်းဖြင့် ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ဒုရဲမှူးကြီးတစ်ဦး ကပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ဟောင်းမှ အလုပ်သစ်သို့ ပြောင်းသည့်အခါတိုင်း (၁၅) ရက်အတွင်း တရား၀င်အကြောင်းကြား မှတ်ပုံတင်ရန် လိုအပ်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကဆိုသည်။
မြန်မာအလုပ်သမား (၂) ဦးသည် ယခင်အလုပ်မှထွက်ကာ လက်ရှိအလုပ်တွင် တစ်ရက်လုပ်ခ ဘတ် ၃၅ဝ ဖြင့် တစ်လခန့် ဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်ပြီး ၎င်းတို့အား တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှထုတ်ပြန်သည်။