အောက်တိုဘာ ၆ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ အောက်တိုဘာလ ၆ ရက်တွင် ကျရောက်သည့်သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) ၌ မီးထွန်းပူဇော်ပွဲနှင့် စတုဒိတာအလှူ အစီအစဉ်များကိုပြုလုပ်ခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် မဲဆောက်မြို့၌ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများအား မနောဖြူစင် ရေအလှူနှင့် နာရေးကူညီမှုအသင်းမှ ကြီးမှူး၍ စတုဒိတာအလှူပွဲပြုလုပ်ခဲ့သည်။
ယနေ့ ညနေပိုင်းတွင် ဆီမီးထွန်းပူဇော်ပွဲနှင့်အတူ သွေးသစ်စာသင်ကျောင်းမှ ကျောင်းသား/သူများ၏ ဒုံးအကဖျော်ဖြေမှုအစီအစဉ်များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Photo – Migrant Times