အောက်တိုဘာ 26, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမားအချို့ လျော်ကြေးရရန် ခက်ခဲရှိ

အောက်တိုဘာ ၂၄ ၊ Migrant Times။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအချို့သည် လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါထိခိုက်ပြီး ဆုံးရှုံးမှုများ ဖြစ်ပွားနေသည်။

ယင်းအလုပ်သမားများ၏ အကူအညီတောင်းချက်အရ နစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေပြီး မြန်မာအလုပ်သမားအချို့သည် သူဌေးပြောင်းအထောက်အထား လုပ်နေသည့်အချိန်ဖြစ်သည့်အတွက် လျော်ကြေးငွေရရန် အခက်အခဲရှိကြောင်း ​မြန်မာအလုပ်သမားရေး ကူညီပေးနေသူ ၁ ဦးက ပြောကြားသည်။

“ တကယ်လို့ လုပ်ငန်းခွင်မှာ ကိုယ်လက်အင်္ဂါဆုံးရှုံးရင် သူဌေးတွေက သူ့အလုပ်သမားမဟုတ်​ကြောင်း ငြင်းဆိုကြတယ်။ အလုပ်သမားရဲ့ ပေါ့ဆမှုကြောင့်လို့ ဒါမျိုး​တွေကို သူဌေးတွေ တော်တော်များများကပြောကြတယ်” ဟု WAG အဖွဲ့တာ၀န်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

WAG အဖွဲ့သည် လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သော မြန်မာအလုပ်သမား ၁ဝ ဦးအားကူညီ ဆောင်ရွက်ပေးနေပြီး ယခုလအတွင်း အမှု ၂ မှုမှ လျော်ကြေးငွေ ရရှိခဲ့ကြောင်း ၄င်းကပြောသည်။

ထိုင်းနိုင်ငံ ၊နကော့ပထုံမြို့နယ်၊ဘန်းလင်ရှိ ငရုတ်သီးမှုန့်ထုပ်လုပ်သည့်စက်ရုံတွင် ဘယ်ဘက်လက်မ အရင်းထိပြတ်သွားခဲ့သည့် မဥမ္မာ၏ နစ်နာကြေးငွေ ထိုင်းဘတ်ငွေ ၂၉၉,၄၄၆ ကို ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြန်လည်ရရှိခဲ့ကြောင်း WAG အဖွဲ့မှသိရသည်။

WAG အဖွဲ့သည် ထိုင်းနိုင်ငံ ၊ လှချ်ဘူလိခရိုင်၊ ဒန်ထက်တကိုမြို့၊ ချောင်ဘိန်ကျေးရွာအတွင်းရှိ သစ်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား မမိုးသန္တာလွင်၏ ညာဘက်လက် ဆုံးရှုံးခဲ့မှု၊ထိုင်းနိုင်ငံ ၊ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်ရင်း ညာဘက်လက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမား မဝင်းဝင်းအေးတို့၏ အမှုများအားလက်ခံကာ နစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်သည်။

Photo – WAG