အောက်တိုဘာ ၂၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် လက်သည်းပြုပြင်ရေးဝန်ထမ်းပြုလုပ်နေသည့် မြန်မာအမျိုးသမီး ၁ ဦးအားလုပ်ပိုင်ခွင့်မရှိဟုဆိုကာ ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနက ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ချင်းမိုင်ခရိုင် မယ်ဟီမြို့နယ်ရှိ ဆိုင်တခုတွင် လက်သည်းပြုပြင်ရေးဝန်ထမ်းပြုလုပ်နေသည့် မြန်မာအမျိုးသမီး ၁ ဦးအားနိုင်ငံခြားသားအနေဖြင့် လုပ်ပိုင်ခွင့်မရှိသည့် အလုပ်လုပ်ကိုင်ခြင်း၊ အလုပ်ရှင်အား နိုင်ငံခြားသားအား အလုပ်စေထိုင်ခြင်း ဖြင့် ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
မြန်မာ အမျိုးသမီးသည် ထိုင်းအလုပ်ရှင်တစ်ဦးနှင့်အတူ အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ရှိသော်လည်း အလုပ်ဟောင်းမှ နုတ်ထွက်ပြီး ယခုဆိုင်တွင် လက်သည်းပြုပြင်သူအဖြစ် ၂ လခန့် လာရောက်လုပ်ကိုင်နေကြောင်း၊ လစဉ်လုပ်ခ ၁၄,၀၀၀ ဘတ်ရကြောင်း ဝန်ခံခဲ့သည်။
အလုပ်ရှင်ဖြစ်သူ ကလည်း နိုင်ငံခြားသားအား အလုပ်ရှင်ပြောင်းလဲခြင်းကို အကြောင်းကြားခြင်းမရှိဘဲ အလုပ်ခန့်ထားကြောင်း ဝန်ခံခဲ့သည်။ ထို့ကြောင့် မြန်မာ အမျိုးသမီးနှင့်အလုပ်ရှင်အား ဥပဒေအရ အရေးယူရန် ချင်းမိုင်မြို့နယ်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်းထုတ်ပြန်သည်။
Photo – ချင်းမိုင်လူဝန်မှုကြီးကြပ်ရေး

