နိုဝင်ဘာ ၁၄ ၊ Migrant Times ။
– ထိုင်းနိုင်ငံ ၊စမူပကန်မြို့ရှိ အလုပ်ရုံတစ်ခုတွင် အလုပ်ဖြုတ်ခံရသော အလုပ်သမား စုစုပေါင်း ၂ဝ၂ ဦး၏နစ်နာကြေးရရှိရန်အတွက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်ဆဝါဒီကန်ရုံး၌ သွားရောက်ညှိနှိုင်းပေးခဲ့ရာ စက်ရုံဘက်မှ အလုပ်သမား(၁)ဦးကို လျော်ကြေး ဘတ် ၆၅ဝဝ ပေးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ စုငွေ နှင့် လစဉ်အလိုက် ဗီဇာသက်တမ်းတိုးခအပါအဝင် CI စာအုပ်ဖိုးများနှင့် ကျန်ရှိနေသော နေ့စားလုပ်အားခများကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စက်ရုံရှေ့၌ အလုပ်သမားများကို ပေးဆောင်မည်ဟု စက်ရုံဘက်မှ ပြောဆိုခဲ့ကြောင်းသိရသည်။
– ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးငယ်များ ပညာသင်ကြားရေးစင်တာ (FED/ULC Learning Center)ကို ခရိုင်ပညာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့(နိုဝင်ဘာလ ၁၃ ရက်)က လာရောက် စစ်ဆေးခဲ့ကြောင်း FED တာဝန်ရှိသူက Migrant Times ကိုပြောကြားသည်။
– ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဒင်ဒန်ခရိုင်၊ ဟူအိုင်ခွမ်ရှိ ကွန်ဒို အခန်းတစ်ခန်းတွင် နေထိုင်ပြီး အွန်လိုင်း၌ လောင်းကစားဝက်ဘ်ဆိုက်ဖွင့်ကာ စလော့ဂိမ်းလုပ်ငန်းလုပ်နေသည့် တရုတ်နိုင်ငံသား ၃ ဦး နှင့် မြန်မာနိုင်ငံသား ၁ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
– ထိုင်းနိုင်ငံ ၊နခွန်ပထုန်ခရိုင်၊ ဘန်လမ်မြို့နယ်ခွဲ၊ ဘန်ပလာကျေးရွာအမှတ် ၁၄ ရှိ နေအိမ်တစ်လုံးတွင်မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်ပါမစ်အတုများပြုလုပ်ပေးခဲ့သည့် အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
အလုပ်သမား သတင်း
တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း
- by Migrant Times
- နိုဝင်ဘာ 15, 2025
- 0 Comments
- Less than a minute
- 35 Views
- 5 ရက် ago
