ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အချက်သုံးချက် ထိုင်းအစိုးရကို တောင်းဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အချက်သုံးချက် ထိုင်းအစိုးရကို တောင်းဆို

ဒီဇင်ဘာ ၁၉ ရက် ၊ Migrant Times
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အချက်သုံးချက်ကို MWRN က ထိုင်းအစိုးရကို တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများ ကွန်ရက် (MWRN)ရဲ့ ထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေကို ခြုံငုံရေးသားထားပြီး ထိုင်းအစိုးရရဲ့ သဘောတူညီမှုနဲ့ အလုပ်သမားခေါ်ယူရာမှာ ဖြစ်ပေါ်နေတဲ့ ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး ဉပဒေအတိုင်းဖြစ်ဖို့ စုံစမ်းအရေးယူပေးဖို့ဆိုတဲ့ အချက်လည်းပါပါတယ်။
MWRN ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဉီးအောင်ကျော်က ပွဲစားတွေက တအားဆိုးနေတယ်။ မြန်မာဘက်ကရော၊ ထိုင်းဘက်ကရော ပွဲစားတွေက တချို့ဆိုရင် အလုပ်သမားအဖွဲ့တွေကို တိုင်ကြားတဲ့ အလုပ်သမားတွေကို ခြိမ်းခြောက်တာတွေတောင် ရှိတယ် လို့ ပြောပါတယ်။
နိုင်ငံအသီးသီးက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ်တောင်းဆိုနိုင်ဖို့အတွက် ဒီဇင်ဘာလ ၁၈ ရက်ကို အပြည်ပြည်ဆိုင်ရာ ရှှေ့ပွောငျးအလုပျသမားနေ့လို့ ကုလသမဂ္ဂက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *