တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၁၀ ဦးစေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၁၀ ဦးစေလွှတ်

ဒီဇင်ဘာ ၂၀ ရက်၊ Migrant Times
တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၁၀ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ Regular ကုန်ထုတ်လုပ်သား ၉၀ ဦး၊ CBT ကုန်ထုတ်လုပ်သား ၇ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ မြန်မာလုပ်သား ၇၂၈ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊ စက်တင်ဘာလမှာ ၉၇၈ ဦး၊
အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉ ဦး
ကို တရားဝင်ဝင်ခွင့်ပြုခဲ့ပါတယ်။
( ဒီဇင်ဘာလ ၂၀ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *