September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ပြီး နှစ်ဦး သေဆုံး

ထိုင်းမှာ တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ပြီး နှစ်ဦး သေဆုံး

မတ် ၄ ရက်၊ Migrants Times
  • ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ထိုင်းနိုင်ငံ၊ Muang စီရင်စု လမ်းမပေါ်မှာ အရှိန်နဲ့မောင်းလာတဲ့ SUV ယာဥ် တာရာကွဲပြီး တိမ်းမှောက်ခဲဲ့ရာ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦး သေဆုံးပြီး တခြား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဆိုင်ရော့-ကန်ချနဘူရီ ၃၂၃ အဝေးပြေးလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး SUV  ယာဥ်ရဲ့ ရှေ့ဘီးတစ်ဘီး၊ နောက်ဘီးတစ်ဘီးတို့ ပြုတ်ထွက်ကာ ကားရှေ့မှန်ဟာလည်း အစိတ်စိတ်အမွှာမွှာကွဲကြေနေတယ်လို့ သိရပါတယ်။ ယာဥ်အပျက်အစီးတွေကြားမှာပဲ အမျိုးသမီးတစ်ဦးကို သေဆုံးရက်သား တွေ့ရှိိရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။
  • အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၉ ဦးကို ဦးခေါင်းဒဏ်ရာတွေနဲ့ လမ်းဘေးမှာ တွေ့ခဲ့ရပြီး သူတို့ကို ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးခေါင်းဒဏ်ရာရရှိသူတွေအနက် အမျိုးသားတစ်ဦး ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးခဲ့ပါတယ်။ခရီးသည်အားလုံးဟာ မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
  • မျက်မြင်တွေ့ရှိသူတစ်ဦးက ပေါက်ကွဲမှုလိုမျိုး ကျယ်လောင်တဲ့အသံထွက်ပေါ်အပြီး အဲဒီ SUV ယာဥ်ဟာ လမ်းဘေးမှာ ထိုးမကျခင် ကြိမ်ဖန်များစွာ ဂျွန်းထိုးမှောက်ခုံ မှောက်ခဲဲ့တာလို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။ အဲဒီနောက် ယာဥ််မောင်းနဲ့ ခရီးသည် ၁၀ ဦးခန့်ဟာ SUV ယာဥ်ကို ထားခဲ့ပြီး လမ််းမတစ်လျှောက် တောထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့ကတော့ ယာဥ်တိမ်းမှောက်ရခြင်း အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်နေပြီး ထွက်ပြေးသွားတဲ့ ယာဥ်မောင်းနဲ့ ခရီးသည်တွေကို ခြေရာခံလိုက်လံရှာဖွေနေပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်

Leave a Reply

Your email address will not be published. Required fields are marked *