အရက်သောက်ပြီး ကားမောင်းမှု အများဆုံးအဖြစ် ချင်းမိုင် နံပတ် ၁ ချိတ်

ချင်းမိုင်မြို့နယ်သည် ထိုင်းသင်္ကြန်ကာလ ၃ ရက်တာအတွင်း အရက်သောက်ပြီး ကားမောင်းမှုအများဆုံး ခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေကြောင်း အကျင့်စာရိတ္တထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်သည်။

ဆုန်ခရမ် သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်ဖြစ်သည့် ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိခဲ့ပြီး “ ချင်းမိုင်” သည် အရက်သောက်ပြီး ကားမောင်းမှုအများဆုံးခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိပြီး လူပေါင်း ၁၅ ဦးအား အီလက်ထရောနစ် စောင့်ကြပ်ကြည့်ရှုသည့် ကိရိယာ (EM)တပ်ဆင်ခဲ့သည်။

ယင်းအမှုများတွင် အရက်သောက်ပြီး ကားမောင်းမှု ၁,၄၇၂ မှု ၊ EM တပ်ဆင်သူ ၄ ဦး၊ ပေါ့ဆစွာမောင်းနှင်မှု ၃ မှု ၊ မူးယစ်ဆေးသုံးစွဲပြီးမောင်းနှင်မှု ၁ဝ၄ မှု ၊ EM တပ်ဆင်သူ ၁၁ ဦး ရှိကြောင်း သိရသည်။

အရက်သောက်ပြီး ကားမောင်းမှုအများဆုံး ခရိုင်များမှာ ချင်းမိုင် ၁၃၆ မှု၊ ဒုတိယအနေဖြင့် စမုတ်ပရာကန် ၁၂၃ မှု၊ နှင့် ဘန်ကောက် ၁၁၈ မှု တို့ဖြစ်သည်။

၂ဝ၂၄ ခုနှစ်နှင့် ၂ဝ၂၅ ခုနှစ် သင်္ကြန်ပွဲတော် တတိယနေ့၏ မှုခင်းများကို နှိုင်းယှဉ်ကြည့်ရာ အရက်သောက်ပြီး ကားမောင်းမှုသည် ၂ဝ၂၄ ခုနှစ်တွင် ၂၄၂ မှုရှိခဲ့ပြီး ၂ဝ၂၅ ခုနှစ်တွင် ၂၁၉ မှုရှိသဖြင့် ၂၃ မှု လျော့နည်းသွားကြောင်း အကျင့်စာရိတ္တထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်သည်။

Ref/Photo – radio trafficpolice chiangmai
ချင်းမိုင်မြို့တွင် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်ရေး ကစားနေကြသူများ။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်