မဲဆောက်တွင် မြန်မာအမျိုးသမီးအား ဓားဖြင့်တိုက်ခိုက်ပြီး ထွက်ပြေးသူကိုရှာဖွေနေ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ခရိုင်ရုံးခန်းမဘေးရှိ အိမ်သာအဟောင်းတစ်ခုတွင် ယနေ့နံနက် ၁၁ နာရီခန့်၌ မြန်မာအမျိုးသမီးတစ်ဦးကို လည်လှီးခဲ့ပြီး ထွက်ပြေးနေသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့ကရှာဖွေနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းအမျိုးသားကို ဖမ်းဆီးရန် CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေပြီး အဆိုပါအမျိုးသားသည်အသက် ၁၈
