တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အတွင်း တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းစစ်တပ်(ရေဂျာ ၃၅၀၁)က ယနေ့ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ မေလ ၈ ရက်နေ့ ည ၈:၃၀ နာရီခန့်တွင် မြန်မာအလုပ်သမားများသည် တက်ခ်ခရိုင်၊ မေရမတ်၊ မေဂျာရောမြို့နယ်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်မည့် သတင်းကြိုတင်ရသည့်အတွက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။
သတင်းအရ စစ်ဆင်ရေးအဖွဲ့သည် စောင့်ကြည့်ခဲ့ပြီး နယ်စပ်မြစ်ကမ်းပါးမှ တက်လာသော ခရီးဆောင်အိတ်များနှင့် မြန်မာနိုင်ငံသား ၁၅ဦး (အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၀ ဦး)ကို ဖမ်းမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၁၅ ဦးအား မေရမတ် ရဲစခန်းမှ ရဲအရာရှိများထံသို့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ပို့ဆောင်ခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
သတင်း – Migrants Time
ဓာတ်ပုံ – ထိုင်းစစ်တပ်