September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၁ဝဝ ဦးကိုဖမ်းမိ

သြဂုတ် ၂၆ – Migrant Times

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁ဝဝ ဦးကို ယမန်နေ့ သြဂုတ်လ ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် ကန်ချပူရီခရိုင်၊ စံခလဘူရီ ၊ ပလန်းဖယ်ရပ်ကွက် တောင်ကုန်းပေါ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

မြန်မာ အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၃၈ ဦး စုစုပေါင်း လူ ၁၀၀ ကို ခရီးဆောင်အိတ်များဖြင့် ဖမ်းဆီးခဲ့ပြီး စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ဘာသာပြန်တစ်ဦးကတစ်ဆင့် မေးမြန်းစစ်ဆေးမှုတွေအရ အလုပ်သမားများသည် မြန်မာနိုင်ငံရှိမြို့အသီးသီးမှဖြစ်ပြီး ဘုရားသုံးဆူတွင် စုဝေးခဲ့ကြကာ မြန်မာလမ်းပြတစ်ဦးငှားရမ်းပြီး နယ်စပ် လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။

စံခလဘူရီသို့ရောက်ရန် ၄ ရက်ခန့်ခရီးနှင်ခဲ့ရပြီး ထိုင်းနိုင်ငံ၏ အတွင်းပိုင်းနေရာများရှိ လုပ်ငန်းများသို့သွားရောက်ရန် ယာဉ်မောင်းတစ်ဦးကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားက ရဲတပ်ဖွဲ့ထံထွက်ဆိုသည်။

မြန်မာအလုပ်သမားများအား ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆောင်ရွက်မည်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ ညကလည်း ထိုင်းနိုင်ငံ ၊ ပရာချွာခရီခန်းခရိုင် အမ်ဖိုးမှုံမြို့နယ် ခုတ်ဖလုံကျေးရွာ အမှတ် (၉)ရှိ သစ်တောဧရိယာအနီးတွင် မလေးရှားသို့ သွားမည့် တရားမဝင် မြန်မာလုပ်သား ၅၅ ဦးအား အမှတ် ၁၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

Migrant Times ၏သတင်းစုစည်းမှုအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရပြီး ဇူလိူင်လအတွင်းတွင် ၁၅ဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – Thai Media

#Migranttimes

#ထိုင်း

#မြန်မာ

#ချင်းမိုင်

#ရွှေ့ပြောင်းလုပ်သား

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime