September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်း ကြက်သားဆော့စက်ရုံတွင် ရေနွေးအိုးပေါက်ပြီး မြန်မာအလုပ်သမားသေဆုံး

သြဂုတ် ၂၉ ၊ Migrant Times ။

ထိုင်းနိုင်ငံ ဆာလာပူလီမြို့ရှိ ကြက်သားဆော့ စက်ရုံတွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက်၌ ကြက်သားအိုးကျိုသည့် ရေနွေးအိုး ပွင့်ပေါက်ကာ ထိမှန်မှုကြောင့် မြန်မာ အလုပ်သမားတစ်ဦး မေ့လဲသွားခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။

အသက် ၂၂ အရွယ် မြန်မာအလုပ်သမား ကိုအောင်ဇော်လင်းသည် သြဂုတ်လ ၂၅ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆာလာပူလီဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ်လ ၂၇ရက်နေ့ နံနက် ၈ နာရီအချိန်တွင် သေဆုံးခဲ့ကြောင်းသိရသည်။

သြဂုတ် ၂၇ ရက်နေ့တွင် သေဆုံးသူ၏ဆွေမျိုးများမှ အကူညီတောင်းခံခြင်းကြောင့် ကူညီမှုများပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက ပြောကြားသည်။

“သူရဲ့ မိဘတွေ တက်လာဖို့စီစဉ်နေတယ် ကောင်လေးက မြန်မာနိုင်ငံသားဖြစ်ရဲ့သားနဲ့ သူဌေးက သူတာဝန်ယူပါတယ်ဆိုပြီးတော့ လက်မှတ်ထိုးပြီး အလောင်းကိုခေါ်ထုတ်လာတယ် ။ အဲ့တော့သူဌေးကိုဘယ်လိုတာဝန်ယူမှာလဲ သံရုံးထောက်ခံစာမပါရင် ပကန်စန်ခွန်မှာ ထုတ်ရတာခက်ခဲတယ် ။သူ‌ဌေးတာဝန်ယူမှု တာဝန်ခံမှုကို ပြန်လုပ်ခိုင်းတဲ့အချိန်မှာ အခုဆိုရင် သြဂုတ် ၃ဝ ရက်နေ့ကျရင်တော့ သိရမယ်” ဟု၎င်းကပြောသည်။

ကိုအောင်ဇော်လင်းသည် GMK အေဂျင်စီမှတစ်ဆင့် MoU စနစ်ဖြင့်လာရောက်သည့် မြန်မာ အလုပ်သမားဖြစ်ပြီး ယင်းကြက်သားဆော့စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၂ နှစ်ကျော်ခန့် ရှိကြောင်း ကူညီပေးနေသည့် WAG အဖွဲ့ကထုတ်ပြန်သည်။

Photo – WAG

#Migranttimes

#ထိုင်း

#မြန်မာ

#အလုပ်သမား

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime