September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ဖူးခက် ဆောက်လုပ်ရေးလုပ်ငန်းတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး

စက်တင်ဘာ ၂ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း၌ ဓာတ်လှေကားပြုတ်ကျမှုကြောင့် မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

သေဆုံးသူသည် အသက် ၅၃ နှစ်အရွယ် ကိုသက်ဝင်းဖြစ်ပြီး ဖူးခက်မြို့မြောက်ပိုင်းရှိ Super Cheap ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

လုပ်ငန်းခွင်တွင် ကွန်ကရစ်ဓာတ်လှေကားပြုတ်ကျမှုကြောင့် ကိုသက်ဝင်း၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များက ၎င်းကို ဖူးခက်မြို့ရှိ Mission ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မကြာမီတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဖူးခက်မြို့တော်ရဲချုပ်ကလည်း မြန်မာအလုပ်သမား သေဆုံးခဲ့သည့် လုပ်ငန်းခွင်အား ပေါ့ဆမှုရှိမရှိနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ချိုးဖောက်မှုရှိ၊ မရှိကို ဆုံးဖြတ်ရန် ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဖူးခက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသည် မကြာသေးမီနှစ်များအတွင်းကလည်း အလုပ်ခွင်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးမှုများခံနေရသည်။ ပြီးခဲ့သည့်နှစ်ကလည်း ဖူးခက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတခုတွင် ကွန်ကရစ်နံရံပြားများ ပိမိပြီး မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo: Phuket City Police

#Migranttime

#ထိုင်း

#ဖူးခက်

#phuket

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime