မူးယစ်ဆေးဝါး ကုန်သွယ်မှုကြီးနှစ်ခု ဖမ်းဆီးနိုင်ခဲ့ဟုဆို
စက်တင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချင်းရိုင်နှင့်ချင်းမိုင်ပြည်နယ်များတွင် အဓိကမူးယစ်ဆေးဝါး ကုန်သွယ်မှုနှစ်ခုကို အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲအရာရှိကြီးများက ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာသည်။
ရဲအရာရှိကြီးများက စစ်ဆင်ရေးနှစ်ခုအတွင်း မက်သာဖက်တမင်း စိတ်ကြွဆေးပြား ဆေးပြား ၉.၇၃ သန်းနှင့် crystal meth (ရေခဲ) တစ်ရာ ကီလိုဂရမ် စုစုပေါင်း ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားသည်။
ရဲအရာရှိများအဆိုအရ စက်တင်ဘာလ ၁၂ ရက်နေ့ည၌ ချင်းရိုင်ပြည်နယ်၊ ချင်းခိုခရိုင်(Chiang Khong)ရှိ ဆေးရုံးရှေ့လမ်းတွင် မူးယစ်ဆေးဝါးဂိုဏ်းကို ချင်းရိုင်အာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးရာ မက်သာဖက်ဆေးပြား ၆ သန်း သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးမှုတွင် ကားနှစ်စီးပေါ်မှ သံသယရှိသူ ၃ ဦး ၊ စိတ်ကြွဆေးပြားများထည့်ထားသည့် အိတ် ၂၄ အိတ်နှင့် crystal meth ၆၄၈ ကီလိုဂရမ်ကိုတွေ့ရှိခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့က မသင်္ကာသူများနောက်သို့ လိုက်လံစုံစမ်းခဲ့ပြီး ချင်းမိုင်မြို့နယ်၊ ဆန်ဆိုင်းရှိ
စတိုးဆိုင်အနီးတွင် သံသယရှိသည့် ကားကိုတွေ့ရှိပြီး ဘီးများကို ပစ်ခတ်ကာဖမ်းဆီးခဲ့သည်။
ထိုကားအတွင်းမှ မက်သာဖက်ဆေးပြား ၃.၇၃ သန်းနှင့် crystal meth ၁၀ ကီလိုဂရမ်ကို တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့က ယာဉ်မောင်း ကို ဖမ်းဆီးခံရမိခဲ့ပြီး သူ၏ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး ကုန်သွယ်မှုကို ကားတစ်စီးက ဦးဆောင် လမ်းကြောင်းပြခဲ့သည်။ ထိုကားအားလိုက်လံဖမ်းဆီးစဉ်တွင် လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ ကျန်ရှိနေသည့် မသင်္ကာသူများကို ခြေရာခံနိုင်ရန်နှင့် အမှုထပ်မံတိုးချဲ့နိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။
၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ကလည်း ထိုင်း – မြန်မာ နယ်စပ်ဒေသ မိုင်းဆတ်ခရိုင် နှင့် ချင်းမိုင်ခရိုင်အကြား မယ့်အိုင်းဒေသအတွင်းတွင် မူးယစ်ဆေးဝါး သယ်လာသည့် အဖွဲ့နှင့် ထိုင်းနယ်စပ်ကင်းအလှည့်အဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အဖွဲ့ဝင် (၁)ဦး သေဆုံးခဲ့ပြီး အနီးတွင် သေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၃)သိန်းပါဝင်သည့် အထုပ် (၂)ထုပ်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – Khaosod
ရဲတပ်ဖွဲ့၏ စက်တင်ဘာလ ၁၅ ရက်နေ့ ရှင်းလင်းပွဲမြင်ကွင်း။
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes

