စက်တင်ဘာ ၂၄ ၊ Migrant Times။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသော MoU စနစ်ဖြင့်လာရောက်သည့် မြန်မာ အလုပ်သမားတစ်ဦးသည် လုပ်အားခ ၈ လစာမရ သည့်အတွက်ကူညီမှုပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
“အခုလက်ရှိတော့ အခြေအနေကတော့ ဘာမှမထူးသေးဘူး။ တိုင်းကြားထားတုန်းပဲရှိသေးတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
မြန်မာ အလုပ်သမား၏လုပ်အားခကို အလုပ်ရှင်မှ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၅ခုနစ်၊ သြဂုတ် ၁၆ ရက်နေ့ထိ မရှင်းပေးခြင်းဖြစ်ကြောင်း ၊ စက်တင်ဘာလ ၂၃ ရက်တွင် နယ်မြေခံဆာဝါဒီကန်ရုံးသို့ အလုပ်သမားနှင့်အတူသွားရောက်တိုင်ကြားပေးခဲ့ပြီး ၈ လစာ စုစုပေါင်းဘတ်ငွေ ၄ သောင်းခန့်ရရန် ရှိကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
Website https://www.migranttimes.com/
Telegram https://t.me/migranttimes