စက်တင်ဘာ ၂၆ ၊ Migrant Times ။
ထိုင်းနိုင်ငံမှာ CI စာအုပ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို PJ ပတ်ပို့စ်စာအုပ်ပြောင်းရာမှာမနေ့ကစပြီး Passport For Thailand Only ဆိုတဲ့ တံဆိပ်တုံးတွေပါဝင်နေတာတွေ့တယ်လို့ဗီဇာလုပ်ငန်းဆောင်ရွက်ပေးသူအချို့ကပြောပါတယ်။
Passport For Thailand Only စာတမ်းပါနေတာကြောင့် PJ ပတ်ပို့စ်ကိုင်ဆောင်သူတွေဟာ အခြားနိုင်ငံထွက်ခွာခွင့်မရတော့ဘဲ ထိုင်းနိုင်ငံမှာပဲ နေထိုင်ရတော့မှာပါ။
ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ မနေ့ကစပြီး CI စာအုပ်ကနေ PJ စာအုပ်ပြောင်းလဲတဲ့ မြန်မာတွေကို Passport For Thailand Only ဆိုပြီး စတင်ကာတုံးထုပေးခဲ့တာလို့ ဧကရာဇ် VISA service တာဝန်ရှိသူက Migrant Times ကိုပြောပါတယ်။
“မဟာချိုင်မှာ CI စာအုပ်ကနေ PJ စာအုပ်ပြောင်းလဲတဲ့ သူတိုင်း Passport For Thailand Only တုံးထုနေတယ်လို့သိထားတယ်။ မြန်မာဘက်မှာလည်း စတင်တုံးထုနေတယ်ကြားတယ်။ ထပ်ပြီးတော့စုံစမ်းနေတယ်” လို့သူကပြောပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီလာတဲ့ ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမူဆောင်ဒါရိုက်တာ ဦးထူးချစ်ကလည်း
“ကိုယ့်လူမျိုးကို ကိုယ်သတ်တာနဲ့ တူတယ်။တကယ်လို့ Thailand Only ဆိုပြဿနာရှိတယ် ဒါကိုတော့ ဘယ်လိုမှသည်းခံလို့မရဘူး” လို့ Migrant Times ကိုပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးကတော့ ဒီကနေ့ မနက်(စက်တင်ဘာ ၂၆)အထိ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။ CI စာအုပ်ကနေ PJ စာအုပ်ပြောင်းလဲတဲ့ မြန်မာတွေကို Passport For Thailand Only လို့တုံးထုနေတာကြောင့် ကျန်နဲ့ ဗီဇာတွေနဲ့ထိုင်းမှာနေထိုင်ကြသူတွေပါ စိုးရိမ်စိတ်တွေဖြစ်ပေါ်နေကြပါတယ်။
Photo – FB
Website https://www.migranttimes.com/
Telegram https://t.me/migranttimes