September 30, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ပတ္တာယားကမ်းခြေ တွင် မြန်မာနိုင်ငံသား ၁ ဦး ရေနစ်သေဆုံး

စက်တင်ဘာ ၂၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ဘန်းလမူးမြို့ရှိ Soi Pattaya 13/2 အဝင်ပေါက် အနီးရှိ ပတ္တာယားကမ်းခြေတွင် မြန်မာနိုင်ငံသား ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးကွန်ရက်မှထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် ရဲတပ်ဖွဲ့ကသတင်းအရ သွားရောက်စစ်ဆေးရာ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်မြတ်ထက်သူ၏ အလောင်းကိုရေထဲတွင်တွေ့ရှိခဲ့ပြီး သေဆုံးနေသည်မှာ အနည်းဆုံး နှစ်နာရီခန့်ရှိကြောင်းသိရသည်။
သေဆုံးသူသည် သူငယ်ချင်းအုပ်စုနှင့် အရက်သောက်ခဲ့ပြီး အရက်မူးပြီး ပင်လယ်ထဲတွင် ရေကူးချိန်ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
တာဝန်ရှိသူများကလည်း သေဆုံးသူထံတွင် ဒဏ်ရာ သို့မဟုတ် ရိုက်နှက်ထိုး​​ကြိတ်သည့် လက္ခဏာများ မတွေ့ရှိသည့်အတွက် ရေနစ်သေဆုံးသည်ဟု ကနဦး ယူဆထားသည်။ သေဆုံးရခြင်းအကြောင်းရင်းမှန်ကို သိရှိနိုင်ရန် အလောင်းကို မှုခင်းဆေးရုံသို့ ခွဲစိပ်စစ်ဆေးရန် ပို့ဆောင်ထားကြောင်းသိရသည်။