September 30, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်း ကမ်းခြေ ၃ ခုတွင် အမှိုက်ကောက်ပွဲကျင်းပ

စက်တင်ဘာ ၂၇၊ Migrant Timse။
ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငခရိုင်ရှိ ခေါက်လတ်ကမ်းခြေ၊ ခီခက်ကမ်းခြေနှင့် ပါကလန်ကမ်းခြေများတွင် ယနေ့ နံနက် ၈ နာရီခွဲ မှ ၁ဝ နာရီခွဲ အထိ တစ်ချိန်တည်းတွင် စုပေါင်း အ​မှိုက်ကောက်ခဲ့ကြသည်။
“ကျွန်တော်ဒီပွဲကိုပူးပေါင်းရတာအရမ်းကိုပီတိဖြစ်တယ်၊ ဒီလိုသဘာဝပတ်၀န်းကျင်ထိန်းသိမ်းတဲ့နေရာမှာ ​စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်”ဟု မြန်မာရွှေ့ပြောင်းကျောင်းသားတစ်ဦးက Migrant Times ကိုပြောသည်။
ထိုင်းတောင်ပိုင်း ကမ်းခြေ ၃ ခုတွင် အမှိုက်ကောက်ခြင်းကို လူ ၅ဝဝ ခန့်ပါ၀င် ဆင်နွှဲခဲ့ပြီး ထိုင်းစည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များ၊ရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းနှင့် မြန်မာရွှေ့ပြောင်းကျောင်းသားကျောင်းသူများလည်းပါဝင်ဆင်နွှဲခဲ့ကြသည်။
Photo – Migrant Times