Photo News
စက်တင်ဘာ ၂၉ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကရင်နီ (ကယား) ရိုးရာ အဲဒိုပေါ်မီ ဒီးကူပွဲအခမ်းအနားအား ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့သည်။
ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED ၏ ULC သင်ကြားရေးစင်တာတွင် ထိုင်းရောက်ကရင်နီ လူငယ်များအဖွဲ့ (Society of Karenni Youth) မှ ဦးဆောင်၍ကျင်းပခဲ့ခြင်းဖြစ်သည်။
အဲဒိုပေါ်မီ ဒီးကူပွဲသည် ကရင်နီ (ကယား) တိုင်းရင်းသားလူမျိုးများ၏ ရိုးရာပွဲတော်တစ်ခု ဖြစ်ပြီး
ကရင်နီလူမျိုးများ၏ လွတ်မြောက်ခြင်းနှင့် စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုသည့်ပွဲ ဖြစ်သည်။ ရိုးရာပွဲတွင်ဒီးကူရွက်နှင့်ထုပ်ထားသည့် ရိုးရာအစားအစာကို ပြုလုပ်စားသောက်ကြကြောင်း မှတ်တမ်းများတွင်ဖော်ပြသည်။
Photo – Migrant Times