စက်တင်ဘာ ၂၉ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၈ ဦး၏ လုပ်ခ ဘတ် ၁ သန်း(ဘတ် ၁၄ သိန်းကျော်)ကျော်မရသည့်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
ထိအလုပ်သမားများသည် MoU စနစ်နှင့်လာရောက်သူများ၊ CI စာအုပ်ကိုင်ဆောင်ထားသူများဖြစ်ပြီး ၎င်းစက်ရုံတွင် ၃ နှစ်ခန့်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်းသိရသည်။ စက်ရုံလုပ်ငန်းရှင်မှ လုပ်အားခပုံမှန်မရှင်းပေးသည်မှာ(၁)နှစ်ကျော်ကြာလာပြီး စားဝတ်နေရေးအတွတ် ကြိုတင်ငွေများသာထုတ်ယူ၍ ဖြေရှင်းနေရကြောင်း မြန်မာအလုပ်သမားများကပြောသည်။
စက်ရုံလုပ်ငန်းရှင်က အလုပ်သမားများ၏ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၅ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့အထိ လုပ်အားခ (၁)ဦးလျှင် ထိုင်းဘက်ငွေ ၈ဝ,ဝဝဝ ကျော်ဖြင့်
၁၈ ဦးစာ ထိုင်းဘတ်ငွေ ၁၄ သိန်းကျော် မရှင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားများက အကူအညီတောင်းမှုအရ စက်တင်ဘာလ ၂၄ ရက်နေ့မှစကာ ကူညီမှုများပေးနေကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။ အလားတူ ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတခုတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၂ဝ ဦး၏ လုပ်အားခမရသည့်အတွက် ပြန်လည်ရရှိရန် ကူညီပေးနေကြောင်း WAG အဖွဲ့တာဝန်ခံက Migrant Times ကိုပြောသည်။
Photo – WAG