စက်တင်ဘာ ၃ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်တွင် မြန်မာအလုပ်သမား ၁၄၅၀ ဦးအားစက်ရုံက ကြိုတင်အသိမပေးပဲ ရုတ်တရက်အလုပ်ဖြုတ်လိုက်သည့်အတွက် အခက်အခဲများဖြစ်ပွားနေကြောင်း ကူညီပေးသူများထံမှသိရသည်။
မြန်မာအလုပ်သမားများသည် Cal-Compစက်ရုံ မှ ဖြစ်ပြီး စက်ရုံတွင် အလုပ်ရရန် အလုပ်ဝင်ခ စမတ်ခ(ပွဲစားခ)ဘတ်ငွေသောင်းချီပေးခဲ့ရသူများဖြစ်ကြောင်းသိရသည်။ မြန်မာအလုပ်သမားများက စက်ရုံအနီးတွင်စုဝေးနေကြသည့်အတွက် စက်ရုံဘက်မှ ထိုင်းရဲများခေါ်ပြီးစောင့်ကြည့်နေကြောင်း MHAC မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက လူမူကွန်ရက်မှတဆင့်ပြောသည်။
မြန်မာအလုပ်သမားများအား စက်ရုံဘက်မှ အလုပ်သွင်း စမတ်ခ တစ်ဦးလျှင် ဘတ် ၁၉၀၀၀ ထိယူခဲ့ပြီးသုံးလခန့် အလုပ်ပေးကာ အလုပ်မှထုတ်ခြင်း၊ လူသစ်များအား စမတ်ခယူကာ အစားထိုးခြင်းများပြုလုပ်နေပြီး ထိုင်းဥပဒေပါအတိုင်း ကူညီပေးရန် အမြန်ဆုံးသွားရောက်နေကြောင်း MHAC မဟာမိတ်အဖွဲ့ မှသိရသည်။