နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ချင်းမိုင်က လာသည့် ကားပေါ်တွင် ရွှေ့ပြောင်းလုပ်သား ၉ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ လမ်ပန်းခရိုင် ၊ မူအောင်းမြို့နယ်၊လမ်းမကြီးအမှတ် ၁၁ တွင် ပစ်ကပ်ကားတစ်စီးပေါ်၌
လိုက်ပါလာသည့် အထောက်အထား မရှိသည့် ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအားဖမ်းဆီးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။
ကားအတွင်းတွင် ခရီးသည် စုစုပေါင်း ၁၀ ဦး ပြည့်ကျပ်စွာ ထိုင်လျက်လိုက်ပါလာကြပြီး ၁ ဦးတည်းသာ မှန်ကန်သော စာရွက်စာတမ်းများ ရှိကာ ကျန် ၉ ဦးမှာ ကိုယ်ရေးအထောက်အထားစာရွက်စာတမ်းများ တစ်စုံတစ်ရာမှ မရှိကြောင်း တွေ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ယာဉ်မောင်း၏ ရဲတပ်ဖွဲ့ထံထွက်ဆိုချက်အရ ရွှေ့ပြောင်းအလုပ်သမားများအား ချင်းမိုင်ခရိုင်မှ တဦးလျှင် ဘတ် ၇၀၀ ဖြင့် ဖရဲခရိုင်သို့ အရောက်ပို့ဆောင်ရန်ခေါ်ဆောင်လာကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများကလည်း ထိုင်းနိုင်ငံသို့ နယ်စပ်မှ တရားမဝင်ဝင်ရောက်ခဲ့ပြီး ဘန်ကောက်မြို့တွင် အလုပ်လုပ်ရန် ရည်ရွယ်ထားကြသူများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပါ။
ယာဉ်မောင်းနှင့်ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် ထိန်းသိမ်းထားကြောင်း သိရသည်။
ဓာတ်ပုံ – ตำรวจทางหลวง