နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ကန်ချနပူရီတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် ကားတစ်စီးပေါ်၌ လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) တွင် ရဲတပ်ဖွဲ့သည် ကန်ချနပူရီခရိုင်၊ အဝေးပြေးလမ်းမ (၃၂၀၉)တနေရာ မဲကလောင်မြစ်အနီး၌ ကားတစီးကိုစစ်ဆေးရာ ကားနောက်တွင်လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား စစ်ဆေးရာ ကမ်ဖိုင်ဆဲန်ခရိုင်ရှိ ပြောင်းကြိတ်စက်ရုံတွင် ပွဲစားအား ဘတ် ၂၀,၀၀၀ ကျော် ပေး၍ လပေါင်းများစွာ အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦး၊ ယာဉ်မောင်းတို့အား ဥပဒေအရ အရေးယူရန် ကန်ချနပူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယနေ့တရက်တည်း၌ ထိုင်းနိုင်ငံ ၊ လမ်ပန်းခရိုင် ၊ မူအောင်းမြို့နယ်၊လမ်းမကြီးအမှတ် ၁၁ တွင် ပစ်ကပ်ကားတစ်စီးပေါ်၌ လိုက်ပါလာသည့် အထောက်အထား မရှိသည့် ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအားဖမ်းဆီးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
Photo – MGR