နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းကြောင်မျိုးရင်း ၅ မျိုးကို အမျိုးသား အမှတ်အသားအဖြစ် အတည်ပြု

နိုဝင်ဘာ ၁၈ ၊ Migrant Times ။

ထိုင်းကြောင်မျိုးရင်း ၅ မျိုးကို အမျိုးသားအမှတ်အသားအဖြစ် အတည်ပြုလိုက်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဆရီပွန် အန်ကာဆာကူကိယတ်က ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။

အမျိုးသား အမှတ်အသားကော်မတီ၏ အဆိုပြုချက်အရ အစိုးရအဖွဲ့သည် ဇာတိရင်း ထိုင်းကြောင်မျိုးရင်း ၅ မျိုးကို အိမ်မွေးတိရစ္ဆာန် အမျိုးအစားတွင် ထိုင်းနိုင်ငံ၏ အမျိုးသားအမှတ်အသားအဖြစ် သတ်မှတ်ရန် အတည်ပြုလိုက်ကြောင်း ဖော်ပြသည်။

၎င်းကြောင်မျိုးရင်းများကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်မှုကို ပံ့ပိုးရန်နှင့် ထိုင်းနိုင်ငံ၏ ဖန်တီးမှုဆိုင်ရာ စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဆရီပွန်ကပြောသည်။

အမျိုးသား အမှတ်အသားအဖြစ် အတည်ပြု သည့် ထိုင်းကြောင်မျိုးရင်း ၅ မျိုးမှာ စူဖာလက် (Suphalak) (ကြေးနီရောင်ကြောင်) ၊ ကိုရတ် (Korat) (စီ-ဆဝတ်ကြောင်)၊ ဝီချန်မတ် (Wichienmaat) (ဆိုင်ယမ်ကြောင် )၊ ကိုင်န်ဂျာ (Konja) (အနက်ရောင်ကြောင်)နှင့် ခေါင်မာနီ (Khao Manee) (အဖြူရောင်ကျောက်မျက်ရတနာကြောင်)တို့ဖြစ်သည်။

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဆရီပွန်က အစိုးရအဖွဲ့သည် ၁၉၆၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ဆင်ကို အမျိုးသားတိရစ္ဆာန်အဖြစ်၊ ဆိုင်ယမ် တိုက်ခိုက်ရေးငါး (Siamese fighting fish) ကို အမျိုးသားရေနေသတ္တဝါအဖြစ်၊ နဂါး (Naga) ကို အမျိုးသား ဒဏ္ဍာရီလာ သတ္တဝါအဖြစ်နှင့် ထိုင်း အရိုအသေပေးခြင်း (Thai wai) ကို အမျိုးသား နှုတ်ဆက်ခြင်းအဖြစ် သတ်မှတ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းပြောကြားသည်။

Ref – the nation
Photo – Suphalak (Copper cat) နှင့် Korat (Si-Sawat cat) ။