နိုဝင်ဘာ ၁၈ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုရှိ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် လုပ်ငန်းများ(Scammer)ကို နယ်ခြားစောင့်တပ် BGF ၊ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ယနေ့တွင် ဝင်ရောက်စီးနင်းကာ နိုင်ငံခြားသား ၃၄၆ ဦးကျော်ကို ဖမ်းဆီးပြီး ကွန်ပျူတာနှင့် ဖုန်းမြောက်မြားစွာ သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
နိုင်ငံခြားသား ၃၄၆ ဦးကျော်တွင် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟု ယူဆကြောင်းဖော်ပြသည်။
ဝင်ရောက်စီးနင်းရာတွင် လိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်သော အဆောက်အအုံများအတွင်းရှိ အထပ်တိုင်း၌ အခန်းများအဖြစ် ပိုင်းခြားထားကြပြီး အခန်းတစ်ခုစီတွင် အလုပ်လုပ်နေသည့် ကွန်ပျူတာနှင့် စားပွဲခုံ ၃၀ မှ ၅၀ခန့် ထိ ရှိကြောင်း ၊အလုပ်သမားများသည် စားပွဲခုံအောက်တွင် ပုန်းအောင်းနေကြသည်ကို တွေ့ရပြီး ခုခံမှုမရှိကြောင်း သိရသည်။
အဆိုပါအခန်းများအတွင်း၌ ပါဝါကြိုးများနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများအပြင် ရာနှင့်ချီသော လက်ကိုင်ဖုန်းများကို စနစ်တကျ စီစဉ်ထားသည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။
Ref/Photo – The Reporter





