နိုဝင်ဘာ ၂၁ ၊ Migrant Times ။
– မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ၌ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့သို့ တိန်းရှောင်လာကြသည့် မြန်မာလူငယ်များသည် မလုံခြံမှုများ ဆက်လက်ခံစားနေရကြောင်း ချင်းမိုင်မြို့ တနေရာ၌ ယနေ့(နိုဝင်ဘာလ ၂၁)ကျင်းပခဲ့သည့် အဝေးရောက်ဧရာဝတီအသင်း (OIA)၏ “ ညှိုးနွမ်းလာသော မျှော်လင့်ချက်များ” အစီရင်ခံစာမိတ်ဆက်ပွဲတွင် သုတေသနပြုလုပ်ခဲ့သူက ပြောကြားသည်။
– ထိုင်းနိုင်ငံ ချွန်ဘူလီမြို့ရှိ ဖော့ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၄ နှစ်အရွယ် မြန်မာအလုပ်သမား မောင်သက်ဇော်ကိုသည် အလုပ်လုပ်ချိန်၌ မတော်တဆဖြစ်ကာ ဖော့ကြိတ်စက်အတွင်းသေဆုံးခဲ့ပြီး မိသားစုဝင်ကအကူအညီတောင်းချက်အရ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် စက်ရုံတာဝန်ရှိသူများနှင့် သေမှုသေခင်းကိစ္စများ နစ်နာကြေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင်
စက်ရုံဘက်မှ စာနာထောက်ထားမှုနှင့် ထောက်ပံ့ကြေးကို အသိပေးမည်ဖြစ်ကြောင်း ကူညီပေးနေသည့် WAG အဖွဲ့ကထုတ်ပြန်သည်။
– ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၁,၁၈၆ ယောက်ကို ထိန်းသိမ်းခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။ ၎င်းအနက် ၁၁,၀၄၀ ဦးအား စစ်ဆေးခဲ့ပြီး ၉,၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းခဲ့ကြောင်းဆိုသည်။ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ် ၊ ရွှေကုက္ကိုလ် နယ်မြေ ရှင်းလင်းရာတွင် တရားမဝင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ၆၁၁ ဦးနှင့် Online လိမ်လည်မှုများတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၁၉၆၅၀ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်သည်။
