ပြည်ပရောက်ရွှေ့ပြောင်းသီရိလင်္ကာလုပ်သားတွေ နိုင်ငံသို့ ပြန်ပို့ငွေ ဒေါ်လာ ၄၇၅ သန်းကျော်ရှိ

ပြည်ပရောက်ရွှေ့ပြောင်းသီရိလင်္ကာလုပ်သားတွေ နိုင်ငံသို့ ပြန်ပို့ငွေ ဒေါ်လာ ၄၇၅ သန်းကျော်ရှိ
- သီရိလင်္ကာနိုင်ငံသား ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အမေရိကန် ဒေါ်လာ ၄၇၅ ဒသမ ၆သန်း နိုင်ငံသို့ ပြန်ပို့ပေးကြောင်း သီရိလင်္ကာနိုင်ငံ အလုပ်သမားနှင့် နိုင်ငံခြားအလုပ်အကိုင်ဝန်ကြီး မာနုရှနာနေရက်ခါရာက ဇန်နဝါရီလ ၁၄ ရက်က ပြောကြားပါတယ်။အဲဒီပမာဏဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အလုပ်သမားေတွပေးပို့တဲ့ အမေရိကန် ဒေါ်လာ ၃၂၅ ဒသမ ၂ သန်းထက် ၄၆ ရာခိုင်နှုန်း တိုးလာတာလို့ဝန်ကြီးက မီဒီယာတွေကို ပြောပါတယ်။
- ၂၀၂၁ ခုနှစ်မှာ ပြည်ပရောက် သီရိလင်္ကာအလုပ်သမားတွေပေးပို့တာဟာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၉ ဘီလီယံ ရှိပြီး ၂၀၂၂ ခုနှစ်မှာ ၃ ဒသမ ၈ ဘီလီယံ ပေးပို့ခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေ အိမ်ပြန်ပို့ငွေဟာသီရိလင်္ကာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရတဲ့အဓိကအရင်းအမြစ်တွေအနက် တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ကိုးကား-ဆင်ဟွာ