ထိုင်းမှာ ရေတွင်းပိုက်ထဲပြုတ်ကျတဲ့ မြန်မာကလေးငယ်ကို ထိုင်းနဲ့မြန်မာလူမှုအဖွဲ့တွေကယ်ဆယ်နိုင်ခဲ့

ထိုင်းမှာ ရေတွင်းပိုက်ထဲပြုတ်ကျတဲ့ မြန်မာကလေးငယ်ကို ထိုင်းနဲ့မြန်မာလူမှုအဖွဲ့တွေကယ်ဆယ်နိုင်ခဲ့
- ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှာ မြန်မာကလေးတစ်ဦး ရေတွင်းပိုက်ထဲ ပြုတ်ကျသွားလို့ ထိုင်းနဲ့မြန်မာလူမှုကူညီရေး အသင်းအဖွဲ့တွေ စုပါင်းကယ်ဆယ်ခဲ့ကြရာ ဒီနေ့ မနက်ပိုင်းက အသက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ ခရီလာတ်ကျေးရွာမှာ အသက် ၁ နှစ် ၇ လအရွယ် မသဇင်မွှေးဟာ စိုက်ပျိုးရေးခြံလုပ်ငန်းအတွက် တူးဖော်နေတဲ့ အကျယ် ၁၀ စင်တီမီတာ၊ အနက် ၄၀ မီတာခန့်ရှိ ရေတွင်းပိုက်အထဲကို ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ မြန်မာ လူမှုအဖွဲ့အစည်းတွေက ကလေးကို ချက်ချင်းကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ရာ ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက် မနက် ၁၀ နာရီ ၄ဝမိနစ်ခန့်မှာ ကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

