September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
စီးပွားရေး အလုပ်သမား သတင်း

ထိုင်းမှာ MoU လုပ်သား ၆၀ ရာခိုင်နှုန်းလောက် အဆင်မပြေမှုဖြစ်နေ

ထိုင်းမှာ MoU လုပ်သား ၆၀ ရာခိုင်နှုန်းလောက် အဆင်မပြေမှုဖြစ်နေ

ဖေဖော်ဝါရီ ၈ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံကို MoU စာချုပ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းက လာရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ AAC (မဟာမိတ်) အဖွဲ့ကနေ သိရပါတယ်။လက်ရှိကြုံနေရတဲ့ ပြဿနာတွေထဲမှာ အလုပ်အကိုင်မရရှိတာ၊ ဉပဒေမဲ့အလုပ်ထုတ်တာ၊ စာချုပ်ထဲက လုပ်ငန်းခွင်နဲ့ ပို့လိုက်တဲ့ လုပ်ငန်းခွင်မတူတာ၊ နေရာမတူတာ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို တာဝန်မယူတာ၊ လုပ်ခလစာအပြည့်မရတာ၊ OT မရတာ၊ သက်သေခံ အထောက်အထားတွေ အသိမ်းခံထားရတာ စတာတွေ အများစုဖြစ်နေတာပါ။
  • အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် မေလ ၂၄ ရက်ကစတင်ပြီး ထိုင်းနိုင်ငံကို MOU လုပ်သားစေလွှတ်မှုတွေ ပြန်လည်စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း အလုပ်သမား ခြောက်သောင်း ဝန်းကျင်စေလွှတ်ခဲ့ပေမယ့် MoU လုပ်သားတွေကြုံနေရတဲ့ ပြဿနာတွေကို တာဝန်ယူဖြေရှင်းမှုမျိုးတွေ မရှိဘူးလို့ ကိုသားကြီး (K.T.G Helping hands myanmar organization for Migration) က ပြောပါတယ်။
(MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ သွားရောက်စဥ်)                                                                                                                                             

Leave a Reply

Your email address will not be published. Required fields are marked *