ထိုင်းရွှေ့ပြောင်းအလုပ်သမားတွေ နိင်ငံသို့ ဘတ် ၂၉၉ ဘီလီယံပြန်ပို့ပေး

ထိုင်းရွှေ့ပြောင်းအလုပ်သမားတွေ နိင်ငံသို့ ဘတ် ၂၉၉ ဘီလီယံပြန်ပို့ပေး

ဧပြီ ၃ရက်၊ Migrant Times
  • ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြည်ပကို စေလွှတ်လိိုက်တဲ့ အလုပ်သမား တစ်သိန်းကျော်ဟာ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အစောပိုင်းမှာ နိုင်ငံ့စီးပွားရေးထဲကို နိုင်ငံခြားငွေအဖြစ် ထိုင်းဘတ် ၂၉၉ ဘီလီိယံ ပြန်လည်ပေးပို့တယ်လို့ အလုပ်သမားဦးစီးဌာနထံမှ သိရပါတယ်။ထိုင်ဝမ်၊ တောင်ကိုရီးယား၊ အစ္စရေး၊ ဂျပန်နဲ့ မလေးရှားအပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းအလုပ်သမားတွေဆီက ဖြစ်တယ်လို့ အထက်ပါဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ပြောပါတယ်။
  • ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားကိုစေလွှတ်ထားတဲ့ အလုပ်သမား ၈၈,၁၆၄ ဦးအသုတ်ဟာ မကြာသေးမီက ထိုင်းနိုင်ငံကို ပြန်လာပြီး ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ဒီနှစ်အစောပိုင်းက စေလွှတ်ခဲ့တဲ့ အလုပ်သမား ၂၅,၀၂၂ ဦးအသုတ် ပြန်လည်ရောက်ရှိလာတယ်လိို့ သူက ဆိုပါတယ်။အဲဒီအလုပ်သမားတွေအနက်အများစုဟာ ကျွမ်းကျင်အဆင့်အလုပ်သမားတွေဖြစ်ပြီး သူတို့ကို Covid-19 ကပ်ရောဂါကနေ စီးပွားရေးပြန်လည်နိုးထမယ့် နိုင်ငံတွေက ခေါ်ယူတာလို့ သိရပါတယ်။
  • ဒီနှစ်အတွင်းမှာလည်း အလုပ်သမားဦးစီးဌာနဟာ ထိုင်းအလုပ်သမား ၅၀,၀၀၀ ဦးကို ပြည်ပနိုင်ငံတွေကို စာချုပ်တွေနဲ့ စေလွှတ်ဖို့ ရည်ရွယ်ထားပြီး အစ္စရေးနိုင်ငံနဲ့ အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ချုပ်ဆိုထားသလို အရှေ့အလယ်ပိုင်နိုင်ငံတွေရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း အလုပ်သမားတွေ ဖြည့်ဆည်းပေးဖို့ ဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ်။တောင်ကိုရီးယားမှာလည်း စိုက်ပျိုးရေးကဏ္ဍအတွက် ထိုင်းအလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိဖို့ အလုပ်သမားဦးစီးဌာနက ဆွေးနွေးနေတယ်လို့ သိိရပါတယ်။
ကိုးကား – Bangkok Post

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *