September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
စီးပွားရေး အလုပ်သမား သတင်း

ထိုင်းမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာတာကြောင့် အလုပ်သမား သုံးသိန်းကျော် လိုအပ်နေ

ထိုင်းမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာတာကြောင့် အလုပ်သမား သုံးသိန်းကျော် လိုအပ်နေ

ဧပြီ ၁၇ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းမွန်လာတာနဲ့အတူ အလုပ်သမားလိုအပ်ချက်လည်း မြင့်တက်လာတယ်လို့ သိရပါတယ်။ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာပြီးနောက် ထိုင်းနိုင်ငံမှာ လုပ်သား ၃၀၀,၀၀၀ ကျော် လစ်လပ်နေသေးတယ်လို့ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI)က ထုတ်ဖော်ပြောကြားခဲ့တာပါ။ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ဒုတိယဥက္ကဌ Mr. Suchat Chantaranakharat က အခုနှစ်မှာ ဆက်လက်တိုးတက်နေတဲ့ ထိုင်းစီးပွားရေး အလားအလာဟာ ခရီးသွားလုပ်ငန်းကဏ္ဍ တဖြည်းဖြည်း ပြန်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
  • ခရီးသွားလုပ်ငန်းပြန်ကောင်းမွန်လာတာကြောင့်ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားလိုအပ်ချက် တိုးမြင့်လာနေပြီး MOU နဲ့ နိုင်ငံခြားအလုပ်သမား တင်သွင်းရာမှာ ကြန့်ကြာနေမှုကို အမြန်ဆုံးဖြေရှင်းဖို့ FTI က အကြံပြုထားပါတယ်။ဒါ့အပြင် တရားမ၀င်အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် ပံ့ပိုးကူညီဖို့လည်း အကြံပြုထားပါတယ်။“ထိုင်းနိုင်ငံမှာ အလုပ်သမားရှားပါးမှု ပြဿနာက အဓိကကတော့ COVID-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေက တရားဝင် လုပ်သားတချို့ဟာ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းအများအပြား တဖြည်းဖြည်း ပြိုကျလာတာကြောင့် အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဒီအလုပ်သမားတွေက သူတို့ မွေးရပ်မြေကို ပြန်ခဲ့ရပြီးနောက်ပိုင်း စီးပွားရေးတဖြည်းဖြည်းပြန်ကောင်းလာတဲ့အခါ တချို့အလုပ်သမားတွေ ပြန်လာကြပေမယ့် တချို့က အလုပ်အကိုင်တွေ ပြောင်းသွားတဲ့အတွက် ပြန်မလာကြဘူး”လို့ Suchart က ပြောပါတယ်။
  • အရင်က ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက MoU လုပ်သားတင်သွင်းမှုက အချိန်ယူရတာကြောင့်ထိုင်းအစိုးရအနေနဲ့ MoU လုပ်သားတင်သွင်းတဲ့စနစ်ကိုပိုမိုကောင်းမွန်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။MoU လုပ်သားတင်သွင်းမှု နှောင့်နှေးတာကြောင့်တရားမဝင် အလုပ်သမားတွေ ဝင်ရောက်တဲ့ပြဿနာ ကြီးထွားလာပြီး လက်ရှိ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သမား ၅၅ဝ,၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။“FTI ကိုယ်တိုင်က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် အလုပ်သမား ဝန်ကြီးဌာနရဲ့ မူဝါဒကို ထောက်ခံပါတယ်။ နိုင်ငံခြားအလုပ်သမားတွေ ပိုများလာပြီး မြန်မြန်ဆန်ဆန် ဘယ်လိုတင်သွင်းမလဲ။ သွင်းကုန်ဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးထားတဲ့ နိုင်ငံတွေအပြင် တခြားနိုင်ငံတွေကိုပါ ဆက်လက်ကြည့်ရှုသင့်ပါတယ်” လို့ Suchart က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *