အထွေထွေကုန်ကျစရိတ် ကြီးပြီး လုပ်အားခနည်းလို့ စက်ရုံလုပ်သားအများစု မိသားစုထံ လစဥ် ငွေပြန်မပို့နိုင်

အထွေထွေကုန်ကျစရိတ် ကြီးပြီး လုပ်အားခနည်းလို့ စက်ရုံလုပ်သားအများစု မိသားစုထံ လစဥ် ငွေပြန်မပို့နိုင်

ဧပြီ ၂၈ ရက်၊ Migrant Times
  • အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာပြီး လုပ်ခလစာ တိုးမလာတဲ့အတွက် နယ်ကနေ ရန်ကုန်မှာ လာရောက်လုပ်ကိုင်နေကြတဲ့ စက်ရုံအလုပ်သမားအများစုဟာ မိသားစုဆီ လစဥ် ငွေပြန်မပို့နိုင်တဲ့အခြေအနေအထိရောက်ရှိနေတယ်လို့ လုပ်သားတွေထံက သိရပါတယ်။အလုပ်သမားတွေရဲ့ လုပ်ခဟာ ဆယ်စုနှစ်တစ်ဝက်ကျော်ကြာသည်အထိ ပြောင်းလဲလာခြင်းမရှိသော်လည်း အဆောင်ခအပါအဝင် ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် တစ်ကိုယ်ရေစာအတွက်ပင် လောက်ငအောင်ရုန်းကန်နေကြရတယ်လို့ သူတို့က ဆိုပါတယ်။”အရင်က တစ်လကို နှစ်သိန်းရရင် အိမ်ကို တစ်သိန်းလောက်ပြန်ပို့နိုင်တယ်။ အခုက နှစ်လတစ်ခါ၊သုံးလတစ်ခါမှပဲ ငွေစုပြီး ပို့ပေးရတဲ့အခြေအနေ ဖြစ်နေတယ်” လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
  • အဲဒီလို မိသားစုဆီ ငွေပုံမှန်ပို့နိုင်ဖို့အတွက် အလုပ်သမားတော်တော်များများ အခက်တွေ့နေကြရတာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။”အလုပ်သမားတွေက လုပ်သာလုပ်နေရတာ၊ ငွေပိုရလာတယ်ဆိုတာ မရှိဘူး။ တစ်ယောက်စာ အသက်ရှင်နေထိုင်နိုင်ဖို့ လုပ်ရတဲ့ သဘောဖြစ်နေတယ်။ အလုပ်ရှင်တွေကလည်း ပြန်လှည့်ကြည့်တာမရှိဘူး”လို့ သူက ပြောပါတယ်။အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ကျပ် ၄၈၀၀နဲ့လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ အဲဒီနှုန်းထားဟာ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက အတည်ပြုသတ်မှတ်ခဲ့တာဖြစ်ပြီး ၂နှစ်မှာ တစ်ကြိမ်ပြင်ဆင်ဖို့ဥပဒေမှာပြဌာန်းထားပေမယ့်အခုထိ မပြင်ဆင်ဘူးလို့ သူတို့က ဆိုပါတယ်။
  • လုပ်ခနှုန်းထားသာ ပြောင်းမလာပေမယ့် ကုန်စျေးနှုန်းဟာ လွန်ခဲ့တဲ့ ၅နှစ်နဲ့ယှဥ်ရင် နှစ်ဆကျော်မြင့်တက်ခဲ့ပြီး အဲဒီရိုက်ခတ်မှုကို အလုပ်သမားတွေ အလူးအလဲခံနေကြရတယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။”အလုပ်ရှင်တွေက အနည်းဆုံးလုပ်ခတိုးပေးဖို့ထက် လက်ရှိပေးထားတဲ့ပမာဏထက်ကိုလျှော့ချင်နေကြတာ”လို့ သူကပြောပါတယ်။ဒါ့အပြင် တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ သာရရှိပေမယ့် အလုပ်တစ်ရက်ပျက်ရင် ကျပ် သုံး၊ လေးသောင်း လစာထဲက အဖြတ်ခံရတာမျိုးတွေအထိ အလုပ်သမားတွေရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။အခုလို အလုပ်သမားတွေ အဆင်မပြေပေမယ့် အလုပ်ရှင်နဲ့ တာဝန်ရှိသူတွေကတော့ မသိကျိုးကျွံပြုနေကြတယ်လို့ ၎င်းတို့က ပြောပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *