ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်လျှင် ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်

ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်လျှင် ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်

ဧပြီ ၂၈ ရက်၊ Migrant Times
  • ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်ကို ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ဧပြီလက ဘတ် ၁၅,၀၀၀ အောက် ဝင်ငွေရှိသူ ထိုင်းအလုပ်သမားလ၁,၃၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာလို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊စီးပွားရေးနှင့် စီးပွားရေးခန့်မှန်းချက်ဆိုင်ရာ အကြံပေးဌာန ဥက္ကဋ္ဌ၊ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် ပါမောက္ခ မစ္စတာ သနဝပ် ဖွန်ဝီချိုင်းက ဆိုပါတယ်။လူနေမှုစရိတ်များ မြင့်မားလာခြင်း၊ မီတာခ၊ စားသောက်စရိတ်များ စျေးကြီးလာသဖြင့် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး မူဝါဒကို ချမှတ်ဖို့ နိုင်ငံရေးပါတီတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
  • ထိုင်းအလုပ်သမားတို့ရဲ့ကြွေးမြီအခြေအနေကို လေ့လာကြည့်တဲ့အခါ နမူနာရဲ့ ၉၉ ဒသမ ၁ ရာခိုင်နှုန်းဟာအိမ်အကြွေးများရှိပြီး ၀ ဒသမ ၉ ရာခိုင်နှုန်း သာ အကြွေးမရှိတာကို တွေ့ရပါတယ်။ နေ့စဉ်အသုံးစရိတ် ၁၄ ဒသမ၅ ရာခိုင်နှုန်း၊ ခရက်ဒစ်ကတ်ကြွေးမြီ ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ အကြွေးဟောင်း ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။အလုပ်သမားတို့ရဲ့အိမ်ထောင်စုကြွေးမြီဟာ ၂၀၁၀ ခုနှစ်ကစပြီး ၁၃နှစ် အတွင်း အမြင့်ဆုံးတက်လာတာဖြစ်ပါတယ်။ဝင်ငွေနည်းပြည်သူတွေကို စရိတ်စကများ လျှော့ချဖို့၊ စီးပွားရေးပြန်လည်ချဲ့ထွင်ရန်အတွက် လူမှုဖူလုံရေးတိုးမြှင့်ပြီး ကူညီဆောင်ရွက်ပေးဖို့၊ အစိုးရအနေနဲ့လုပ်ခလစာဒါမှ​မဟုတ် လူနေမှုစရိတ်ပြဿနာကို ဖြေရှင်းပေးဖို့ အလုပ်သမားဝန်ကြီးဌာနမှ အဆိုပြုခဲ့ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *