တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ်
မေ ၁၆ ရက်၊ Migrant Times
တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၅၀ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၁၃၅) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၁၅)ဦးဟာ ဒီကနေ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုလအတွင်း ပထမအကြိမ်အနေနဲ့ ကုန်ထုတ်လုပ်သား ၁၄၉ ဦးကိုလည်း တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။
ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့
