နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ်

မေ ၁၆ ရက်၊ Migrant Times
တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၅၀ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၁၃၅) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၁၅)ဦးဟာ ဒီက​နေ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုလအတွင်း ပထမအကြိမ်အနေနဲ့ ကုန်ထုတ်လုပ်သား ၁၄၉ ဦးကိုလည်း တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။
ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်