September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နည်းပညာ အလုပ်သမား သတင်း

အလုပ်သမားဈေးကွက်မှာ အမျိုးသမီးများ စိတ်ဖိစီးမှုများနေတယ်လို့ဆို

အလုပ်သမားဈေးကွက်မှာ အမျိုးသမီးများ စိတ်ဖိစီးမှုများနေတယ်လို့ဆို

ဇွန် ၂၆ ရက်
ခွန်သောမတ်၊ Migrant Times
  • မြောက်ကာရိုလိုင်းနားတက္ကသိုလ်၏ Kenan-Flagler စီးပွားရေးကျောင်း မှ သုတေသန စစ်တမ်းကောက်ယူမှုအရ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများ၏ ၅၉ သန်း သို့မဟုတ် ၇၉ ရာခိုင်နှုန်းနီးပါးဟာChatGPT အပါအဝင် AI နည်းပညာများဖြင့် အစားထိုးခံရနိုင်ခြေရှိပြီး မကြာမီ အကြောင်းအရာအသစ်များ ရုပ်ပုံ၊ အသံ၊ ဗီဒီယိုစသည့် ကြီးမားသောပြောင်းလဲမှု ဖန်တီးနိုင်မည်ဟု ယူဆကြောင်း CNN သတင်းဌာနက ဖော်ပြပါတယ်။Revelio ရဲ့ ခွဲခြမ်းစိတ်ဖြာချက်မှာ AI ဟာ ဘယ်နေရာမှာ အဆင်ပြေနိုင်တယ်ဆိုတာကို ပြသပြီး လုပ်ခလစာ စာရေးမများနေရာ နှင့် အမှုဆောင် အရာရှိတို့၏ အတွင်းရေးမှူး စာစီစာရိုက်သမား စာလုံးပေါင်း အမှား အမှန် စီစစ်ခြင်း နှင့် စာရင်းကိုင်များ စစ်ဆေးရေးမှူးများ နေရာတွင် အထူးသဖြင့် အမျိုးသမီးများဖြစ်ပြီး ၇၁ ရာခိုင်နှုန်းကျော်ရှိကြောင်းသိရပါတယ်။
  • “ AI ဟာ အချို့သော ပရော်ဖက်ရှင်နယ်တွေကို အစားထိုးနိုင်ပြီး AI နည်းပညာဟာ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှု နှစ်ခုလုံးကို တစ်ချိန်တည်းမှာ လက်ခံရမှာ ဖြစ်ကြောင်း စက်မှုလုပ်ငန်း၏စီမံခန့်ခွဲမှုပေါ်တွင် မူတည်ကြောင့် ” Revelio ၏ အမှုဆောင်အရာရှိချုပ် Ben Zweig ကပြောကြားခဲ့ပါတယ်။AI သည် အသံ သရုပ်ဆောင်များ နေရာတွင် ခြွင်းချက်မရှိအသုံးပြုနိုင်ပြီး မကြာသေးမီက အသံသရုပ်ဆောင်များအဖြစ်သို့ စတင်ဝင်ရောက်လာပြီး အနာဂတ်တွင် ကျွန်ုပ်တို့၏ နေရာကို အစားထိုးမည်ဟု ယုံကြည်ပါကြောင်း Houston အခြေစိုက် အလွတ်စာရေးဆရာနှင့် အသံသရုပ်ဆောင်တစ်ဦးဖြစ်သည့် Meredith Nudo ကပြောပါတယ်။ ဒါပေမယ့် စာကြည့်တိုက်ဝန်ထမ်းတွေ စာကြည့်တိုက်မှူးတွေနဲ့တော့ မတူဘူး စာကြည့်တိုက်များကို စက်များ သို့မဟုတ် AI များဖြင့် အစားထိုး၍ မရကြောင့် ပညာရှင် တစ်ဦးက ပြောပါတယ်။
  • AI သည် အစီအစဉ်ရေးဆွဲခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ ဆက်သွယ်ခြင်းနှင့် လူသားစွမ်းရည်ရှိသော စက်များကို တည်ဆောက်ခြင်းပညာရပ်ဖြစ်ပြီး အရေးကြီး တာက ကုန်ကျစရိတ်ကို လျှော့ချပေးဖို့ နှင့် ထိရောက်မှု အကျိုးအမြတ်များ တိုးမြှင့်ရန် အသင့်ဖြစ်နေကြောင်း သိရပါတယ်။ AI ၏ အပျက်သဘောဆောင်တဲ့ အနှောင့်အယှက် များကို ဖြစ်စေနိုင်တာ တော်တော်များများ ကြောက်နေကြတုန်းဖြစ်ပါတယ်။
ကိုးကား-thestandard.co

Leave a Reply

Your email address will not be published. Required fields are marked *