မလေးရှားနိုင်ငံသားပတ်စပို့အတု ကိုင်ဆောင်ထားတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီး

မလေးရှားနိုင်ငံသားပတ်စပို့အတု ကိုင်ဆောင်ထားတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီး
- မလေးရှားနိုင်ငံသားပတ်စပို့အတု ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံမှာ နေထိုင်နေသူ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းတောင်ပိုင်း၊ စုံခလာခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။ဩဂုတ်လ ၁ ရက်က မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ စုံခလာခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတွေက ထိုင်းနိုင်ငံအထဲ နေထိုင်ခွင့်ရရှိရန် ဗီဇာတံဆိပ်တုံးထုပေးရေး စီစစ်နေချိန်မှာ ပတ်စပို့ကိုင်ဆောင်ထားသူကို သံသယရှိမှုနဲ့ ယင်းနိုင်ငံသားဟုတ်၊ မဟုတ်ကို စစ်ဆေးရာမှာ ပတ်စပို့အတုနဲ့လိမ်လည်သုံးဆွဲထားကြောင်း သိရရပါတယ်။အဲဒီမလေးရှားနိုင်ငံသားပတ်စပို့ကိုင်ဆောင်ထားသူဟာ အသက် ၂၉ နှစ်ရွယ် မြန်မာလူမျိုးဖြစ်နေပါတယ်။ သူဟာ အရင် ထိုင်း-မြန်မာနယ်စပ်ကနေ သဘာဝလမ်းကြောင်းအသုံးပြုပြီး ဘန်ကောက်မြို့ထဲမှာ တရားမဝင် အလုပ်လာလုပ်နေသူဖြစ်ပါတယ်။
- အဲဒီနောက် မလေးရှားပွဲစားတစ်ဦးကနေ ဘတ်ငွေပေါင်း ကိုးသိန်းခွဲ သို့မဟုတ် မလေးရှားငွေ ၁၂၀,၀၀၀ ရင်းဂစ် တန်ဖိုးရှိတဲ့ မလေးရှားနိုင်ငံသားပတ်စပို့ တစ်ခု ရောင်းဝယ်ရေး ကမ်းလှမ်းမှုတစ်ခုရရှိပြီး ဝယ်ယူဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဆိုပါ ခရီးသွားလာခွင့်စာအုပ် ရောင်းဝယ်မှုကြေးကို မလေးရှား-ထိုင်းနယ်စပ် ပါဒန်ဘေစာလူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်မှာ တံဆိပ်တုံးထုပေးခြင်းရပြီးမှသာ ငွေပေးချေရမယ် လို့ဆိုပါတယ်။အလားတူ ပတ်စပို့အတုကိုင်ဆောင်ထားတဲ့ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးမိရာမှာ ပွဲစားတစ်ဦးကိုလည်း ထိုင်းအာဏာပိုင်တွေဖမ်းဆီးမိခဲ့ပြီး နှစ်ဦးစလုံးကို ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူသွားမယ်လို့သိရပါတယ်။