September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်လာတဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်လာတဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

ဩဂုတ် ၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ ထာချန်မြို့နယ်၊ ထာချန်ကျေးရွာအုပ်စု၊ မူထိ ၃ လမ်းမကြီးပေါ်မှာ တရားမ၀င် နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီ မြန်မာလုပ်သားတွေဟာ Prachuap Khiri Khan ပြည်နယ်က​ေန Songkhla ပြည်နယ်ကို ကားနဲ့သွားရောက်စဥ်မှာ ဆူရတ်ဌာနီပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ကားတစ်စီးဟာ လိုင်စင်နံပါတ်ပြား တပ်ဆင်မထားတာမို့ တားဆီးစစ်ဆေးရာမှာ စာရွက်စာတမ်းမဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို မှောင်ခို တင်သွင်းလာတာ စစ်ဆေး​တွေ့ရှိခဲ့ကြောင်း ရဲမှူးကြီး Wachira Yaothaisong က ပြောပါတယ်။သူတို့ကို ပို့ဆောင်ခ ဘတ် ၃၀,၀၀၀ တောင်းပြီး တရားမဝင် နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ခေါ်ဆောင်လာတဲ့ ထိုင်းလူမျိုး မစ္စတာ Rusdee အသက် ၃၂ နှစ်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ဖမ်းဆီးမိသူအားလုံးကို Tha Chang ရဲစခန်းမှာ ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား-www.khaosod.co.th

Leave a Reply

Your email address will not be published. Required fields are marked *