September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးနဲ့ ထိုင်းယာဥ်မောင်းကို ဖမ်းဆီး

ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးနဲ့ ထိုင်းယာဥ်မောင်းကို ဖမ်းဆီး

ဩဂုတ် ၁၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ Nakhon Pathom ပြည်နယ်၊ Bang Len မြို့နယ်၊ Bua Pak Tha ကျေးရွာအုပ်စု မူး ၁၀၊ အဝေးပြေးလမ်းမှာ လိုင်စင်အတုနဲ့ ကားတစ်စီးကို စစ်ဆေးရာ အထောက်အထားမဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦး ဖမ်းဆီးရမိကြောင်း ရဲမှူးကြီး Jaroonkiat Pankaew က ပြောပါတယ်။ကားကို တားဆီးစစ်ဆေးရာမှာ ရပ်တန့်မပေးဘဲ မောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။တာ့ခ်ပြည်နယ်ကနေ နွန်သဘူရီပြည်နယ်ကို ပို့ဆောင်ခ ကနဦး ဘတ် ၁၅၀၀ ရရှိလို့ အခုလို ပို့ဆောင်ခဲ့တာလို့ယာဥ်မောင်းက ထွက်ဆိုခဲ့ပြီး အလုပ်သမားတွေကတော့ အလုပ်ရဖို့ တစ်ဦးကို ပွဲစားခ ဘတ် ၂၀,၀၀၀ ပေးဆောင်ရကြောင်း သိရပါတယ်။သူတို့ကို နခွန်ပထုံခရိုင်၊ Bang Luang မြို့နယ် ရဲစခန်းမှာ တရားစွဲဆိုမယ်လို့ သိရပါတယ်။
ကိုးကား- mgronline.com

Leave a Reply

Your email address will not be published. Required fields are marked *