September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ရန်ကုန်မှာ မီးပျက်ချိန်တိုးလာလို့ အလုပ်သမားတွေ အခက်တွေ့

ဇန်နဝါရီ ၆ရက်၊အရုဏ်ဦး
ရန်ကုန်မြို့မှာ အလှည့်ကျမီးဖြတ်တဲ့အချိန်ထပ်တိုးလာတာကြောင့် စားသောက်ရေးအခက်တွေ့လာကြတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။
အရင်က လေးနာရီခြားမီးဖြတ်တဲ့စနစ်ကနေ ရှစ်နာရီခြားမီးဖြတ်တဲ့ ပုံစံပြောင်းလဲလိုက်တာကြောင့်ချက်ပြုတ်ရေးအတွက်အခက်တွေ့လာရတာလို့ ဆိုပါတယ်။
“ညနေ၅နာရီမှာဖြတ်တဲ့မီးက မနက်၁နာရီမှ ပြန်လာမှာဆိုတော့ ဘယ်အချိန်သွားချက်ပြုတ်ပြီးဘယ်အချိန်အိပ်ရမှာလဲ”လို့ ရွှေပြည်သာမြို့နယ်မှအလုပ်သမားတစ်ဦးက ပြောပါတယ်။
အဲဒီလိုမီးပျက်မယ့်အချိန်ကြာလာမှာဖြစ်လို့ ထမင်းချိုင့်ထည့်ဖို့အခက်တွေ့လာရပြီး ဝယ်စားရင်ကုန်ကျစရိတ်ပိုများလာမှာကို ချင့်ချိန်ကြရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
“ပေါင်းအိုးတွေရှိရဲ့သားနဲ့မီးသွေးမီးဖိုထပ်ဝယ်ရမယ်ဆိုလည်း စရိတ်ထောင်းဦးမယ်။ မီးဖိုအပြင် အိုးတွေပါထပ်ဝယ်ရမှာ မကိုက်ဘူး”လို့ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ကစလို့ လျှပ်စစ်ထုတ်နိုင်မှုလျော့နည်းသွားသလို မီးပျက်တာတွေ နှစ်စဥ်တိုးလာတာဖြစ်ပါတယ်။
လက်ရှိမှာ တနိုင်ငံလုံးလျှပ်စစ်မီးသုံးစွဲနိူင်တာရဲ့ တဝက်လောက်ဘဲ လျှပ်စစ်ထုတ်လုပ်နိုင်တော့လို့ မီးဖြတ်ချိန်တိုးလာတာဖြစ်တယ်လို့ လျှပ်စစ်ဌာနသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *